Friday, January 22, 2016

ကျွန်​​တော်​နှင့်​သရဲ​ခြောက်​​သောအိမ်​ကြီး

အဲ့ဒီ့နေ့ကမိုးရွာနေတယ်ဗျ အဲ့တာနဲ့ကျွန်တော်လဲ ကော်ဖီသောက် ပြီး အခန်းထဲမှာ ကွေးနေတယ် ဗျ အဲ့မှာကျွန်တော့်သူငယ်ချင်း ကျော်ကျော် ရောက်လာတယ် "ဟျောင့် ငါပါကွ ကျော်ကျော်ပါ တခါးဖွင့်ဦး" "အေးဟျောင့် တံခါးဖွင့် ပြီးဝင်လာလေကွာ"အေးအေးဝင်ခဲ့မယ်" ဆိုပြီး တံခါးကိုတွန်းဖွင့်ဝင် လာတယ် အောင်မာမင်းက မိုးအေးအေးနဲ့နှပ်နေတာပေါ့'' ''ဒီလိုပါပဲကွာ ဒါနဲ့ဘာကိစ္စလဲဟျောင့်'' ''ကိစ္စကတော့ မင်းတို့ငါတို့ လိုက်ရှာနေတဲ့ သရဲ ခြောက်တယ်ဆိုတဲ့အိမ်လေ ရှာတွေ့ပြီ ကွ မနက်ဖြန် ည ၈း၀၀ လောက်ထွက်မယ်ကွာ ငါအကုန်စီစဉ်ပြီးပြီကွ'' ''အေးးးးးး ငါကလည်း အဲ့လိုအိမ် မျိုးကိုမှလိုက်ရှာနေတာကွ သရဲမကြောက်တဲ့ငါနဲ့အဲ့အိမ်ကတော့ တွေ့ပြီပေါ့ကွာ'' ''သြော် ဒါနဲ့ အဲ့အိမ်ကဘယ်မှာလဲ ဟျောင့်'' ''သြော်အေး အဲ့ဒါပြောဖို့မေ့နေတာ ဒီလိုကွ မင်းငါတို့ ၁၀ တန်းတုန်းက အတူတူ တက်တဲ့ ရဲသူရ ကိုမင်းမှတ်မိလား'' ''အေးမှတ်မိတယ်ကွ ပိန်ပိန် ရှည်ရှည်နဲ့ကောင် မဟုတ်လား'' ''အေးဟုတ်တယ်အဲ့ကောင်ပဲ အဲ့ကောင်တို့မြို့အစွန်က အိမ်ကြီးတဲ့ လူမနေတာ ၈ နှစ်လောက်ရှိပြီတဲ့ ဘယ်သူမှမနေရဲဘူးတဲ့ လာတဲ့လူကို ခြောက်လွှတ်တာတဲ့ဟ'' ''ဟာအာ့ဆိုအတော်ပဲဘယ်သူမှမနေတော့ အေးဆေးပဲပေါ့'' ''အေးအာ့ဆိုမနက်ဖြန်ည ၈း၀၀ လာခေါ်မယ်စောင့်နေကွ ဒီကနေ၈း၀၀ လောက်သွားရင် ဟိုကို ၁၀း၀၀ လောက်ရောက်မှာကွ'' '' အေးအေးငါစောင့်နေမယ်'' ''အေးအာ့ဆိုငါသွားပြီနော်'' ကျွန်တော်လည်း ကျော်ကျော် ပြန်သွားတော့ ''သရဲရေမင်းနဲ့ငါနဲ့မနက်ဖြန်တော့တွေဲ့ပီပေါ့ကွာ'' လို့ကြုံးဝါးပြီးအိပ်လိုက်တယ်။ မနက်၇း၀၀ လောက်ကြီးနိုးနေတယ်ဗျ ဒီအချိန်လောက်ဆို အမေ ဘုရားဖူးနေလောက်ပြီ။ကျွန်တော်လည်း မျက်နှာသစ်သွားတိုက်ပြီးရေချိုးလိုက်တ
်ဗျ။ရေချိုးလိုက်မှလူကိုလန်းဆန်းသွားတာပဲ။နာရီကိုလှမ်းကြည့်လိုက်တော့ ၇း၃၀ ကျွန်တော်လည်း ဗိုက်ဆာတာနဲ့အမေ့ကို ''အမေရေမနက်စာစားဖို့ဘာရှိလဲ ''လို့မေးလိုက်တော့ အမေ က''နင်ကြိုက်တဲ့ငါးခြောက်ဖုတ်နဲ့ ဒညင်းသီး ရှိတယ်'' လို့ပြောတယ် ''ကျွန်တော်လည်းကျွန်တော်ကြိုက်တဲ့ဟင်းမို့စားလိုက်တာ၂ ပန်းကန်တောင် ကုန်တယ်။အာ့နဲ့လက်ဆေးပြီး။အမေ့နောက်ကိုတိတ်တိတ်လေး သွားပြီး ''အမေ''့လို့အော်လိုက်တယ်
''အမလေး''ဆိုပြီးနောက်လှည့်ကြည့်တယ် ကျွန်တော့်လည်းမြင်ရော ''ဟဲ့နင်ကလည်း လူကြီးတွေကိုအဲ့လိုမနောက်ရဘူး မတော်နှလုံးရောဂါရှိတဲ့လူဆိုသေသွားဘယ့်နှယ်လုပ်မလဲ''
''အမေကလဲသားကစတာပါဗျ'' ''စတာလဲစတာပေါ့ဟယ်သူတပါးကြောက်လန့်အောင်တော့မစနဲ့ပေါ့'' ''ဟုတ်အမေ ဒါနဲ့သားဒီနေ့ခရီးထွက်စရာ ရှိတယ် အမေ'' ဘ
်ကိုလဲ'' ''သား၁၀တန်းတုန်းကသားနဲ့တစ်ခုံတည်းနေတဲ့ ရဲသူရ ကိုသိတယ်မလား'' ''ပိန်ပိန်ရှည်ရှည်နဲ့မလား'' ''ဟုတ်တယ်အမေ အဲ့ကောင်တို့မြို့ကို သွားမှာအမေရဲ့ ၂ရက်၃ရက်လောက်တော့ကြာမယ် ''ဘယ်တော့သွားမှာတုန်း'' ဒီနေ့ည ၈း၀၀ ထွက်မှာအမေ'' ''သူများမြို့သွားပြီးတော့ပြဿ နာတော့မရှာနဲ့နော်'' ''ဟုတ်ကဲ့ပါ'' ''ဒါနဲ့သားသွားဖို့ပြင်ဆင်လိုက်ဦးမယ်'' ''အေးအေး'' အဲ့တာနဲ့ကျွန်တော်ပြင်ဆင်ပြီး '
ကျော်ကျော်ကို အိပ် ရင်းနဲ့ စောင့်နေတယ် ၇း၄၅ လောက်ကြတော့ ကျော်ကျော်လာခေါ်တယ် ရဲသူရတို့မြို့ကိုကျွန်တော်တို့ကားစီးပြီးသွားရတယ် ၂နာရီလောက်ကားစီးပြီးတော့ရဲသူရတို့မြို့ကိုရောက်တယ် အဲ့ဒီနေ့ ရဲသူရ တို့အိမ်မှာပဲ အိပ်လိုက်တယ်ဗျ ခရီးပန်းလာလို့နဲ့တူတယ် ကျွန်တော်နဲ့ကျော်ကျော်နဲ့အိပ်လိုက်တာ မနက် ၇း၃၅မှနိုးတယ် မနက်စာကိုရဲသူရက ငချိတ်ပေါင်းနဲ့ ပဲပြုတ်ကိုကျွေးတယ်ဗျ စားလဲပြီးရော ကျော်ကျော် က ရဲသူရကို ''ဟျောင့် ဟိုအိမ်ကိုသွားကြည်းရအောင်လို့ပြောတယ်'' ရဲသူရက ''အေး သွားကြတာပေါ့'' လို့ပြောပြီး ဆိုင်ကယ်ကိုထုတ်လိုက်တယ် ကျွန်တော်တို့သုံးယောက်ဆိုင်ကယ်တစ်စီးနဲ့အဲ့အိမ်ကြီးရှိတဲ့ မြို့အစွန်ကိုသွားတယ်ဗျ အိမ်က နှစ်ထပ်အိမ်ကို ပျဉ်တွေနဲ့ဆောက်ထားပြီးတော့ ရေနံဆီတွေမဲနေအောင်သုတ်ထားတာ လာ ဆိုပြီးတော့ရဲသူရက အိမ်ကြီးထဲဝင်သွားတယ်။
''ဟိုအခန်းက ဒီအိမ်ပိုင်ရှင် လင်မယားအိပ်တဲ့အခန်းပေါ့ကွ သူတို့စီးပွားပြိုင်ဘက်က ကြေးစားလူသတ်သမားငှားပြီးသတ်တာလို့တော့ပြောတာပဲ'' လာပြန်အောင်ညကြမှပြန်လာကြမယ်
''အေးပြန်ကြတာပေါ့လို့ကျွန်တော်ကပြောလိုက်တယ်''၃ယောက်သားပြန်လာကြပြီး သရဲကားထိုင်ကြည့်ကြတယ်ဗျ ''ညနေ ၅း၀၀လောက်လည်းရောက်ရော ညစာကိုအမဲသားချက်နဲ့စားကြတယ်။
ပြီးတော့အိပ်ဖို့ခေါင်းအုံးရယ်စောင်နဲ့ ဖျာရယ် ယူပြီးအဲ့အိမ်ကြီးကိုသွားကြတယ် အဲ့မှာအိပ်ဖို့စီစဉ်ပြီး အိပ်မလို့ခေါင်းအုံးပေါ်ခေါင်းလေးတင်တုန်းရှိသေးတယ် ကျွန်တော့်လက် ကိုအေးအေးကြီးလာထိသလိုခံစားလိုက်ရတယ် အာ့နဲ့ကျွန်တော်လည်း ''ဘာလားကွာ မင်းတို့ကလည်း မစနဲ့ကွာလို့ပြောလိုက်တော့ ဟိုကောင်တွေက ငါတို့လုပ်တာမဟုတ်ဘူးဟလို့ပြောတယ် ကျွန်တော်လည်း ကြက်သီးတွေထလာပြီး ခဏနေတော့ အဲ့လိုခံစားနေရတာရပ်သွားတယ် မကြာပါဘူးဗျာ ကျော်ကျော်အိပ်နေတဲ့ဘက်ကနေ ဖျောဆိုတဲ့အသံကြီးမည်ပြီး ကျော်ကျော့်အော်သံကြားလိုက်ရတယ်အဲ့တာနဲ့ကျွန်တော်တို့လည်း မီးဖွင့်ပြီးကြည့်လိုက်တော့ ကျော်ကျော်ကတခါးပေါက်နားမှာ တင်ပလ္လင်ခွေပြီးထိုင်နေတာကိုတွေ့ရတယ် ပြီးတော့ပါးစပ်ကလည်းတဟင်းဟင်း နဲ့ လူမမာညည်းသလိုအသံတွေထွက်နေတယ် အာ့နဲ့ကျော်နဲ့ရဲသူရလည်း ဟျောင့်သူငယ်ချင်းကျော်ကျော်ဘာဖြစ်တာလဲဆိုပြီးသူ့နားသွားတော့ကျွန်တော်တို့ကိုတွန်းလွှတ်တယ်ကျွန်တော်ကတော့်ဘာမှမဖြစ်ပေ့မယ့်ရဲသူရကတော့ကုတင်နဲ့ခေါင်းနဲ့ထိခိုက်ပြီးကျော်ကျော်လိုမျိုးအသံတွေထွက်နေတယ် အာ့နဲ့ကျွန်တော်လည်း ''ဟျောင့်တွေ အချင်းချင်းစမနေပာနဲ့ကွာလို့ပြောလိုက်တော့ ငါမင်းတို့သူငယ်ချင်းမဟုတ်ဘူးလို့ကျော်ကျော်ကပြောတယ် ''အာ့ဆိုခင်ဗျားတို့ကဘယ်သူတွေလဲ''ငါကဒီအိမ်မှာနေတဲ့သရဲလင်မယားပဲ မင်းတို့ကို ဒီနေ့ငါတို့ကိုယ်တိုင် မင်းတို့အသက်ကို နှုတ်ပစ်မယ် ဟားဟားဟားဟားးးးးးးးးးး ကျွန်တော်ဘာလုပ်ရမလဲမသိ ကျွန်တော်တစ်ယောက်တည်း ဟိုကောင်၂ကောင်ကိုလည်းသရဲ လင်မယားကဝင်ပူးထားတယ် ပြီးမှဖြတ်ခနဲသတိရသွားတယ်ကျွန်တော် ပရိတ်ရေဘူးကိုအမြဲတမ်းဆောင်ထားတယ် ကျွန်တော့်လက်ကချက့်ခင်းပဲ ပရိတ်ရေဘူးထည့်ထားတဲ့ ကျောပိုးလွယ်အိတ်ပေါ်ကိုရောက်သွားတယ် ကျွန်တော့်လွယ်အိတ်ထဲကို နိုက် ပြီးတော့ ပရိတ်ရေကိုမြန်မြန်ယူလိုက်တယ် ပြီးတော်အဖုံးကိုကမန်းကတမ်းယူပြီးဘူးအဖုံးပေါ် ကိုပရိတ်ရေ နည်းနည်းထည့်လိုက်တယ် ပြီးတော့ကျော်ကျော်နဲ့ ရဲသူရဆီကို တောက်လိုက်တယ် သူတို့တွေလူးလိမ့်ပြီး ငြိမ်သွားတယ် ကျွန်တော်ပရိတ်ရေ နဲ့ထပ်တောက်လိုက်မှသူတို့၂ယောက်သတိရလာတယ် ပြီးတော့ဘာမှမသိသလိုကြောင်တောင်တောင် နဲ့ဖြစ်နေလို့ ကျွန်တော်ကအကြောင်းစုံရှင်းပြလိုက်တယ်။ ခဏကျွန်တော်တို့ မအိပ်ကြသေးဘဲဆေးလိပ်ထိုင်သောက်ကြ တယ် ကျော်ကေိာ်ကတစ်ခုခုကိုမြင်သွားပုံရတယ်အဲ့နေရာကိုလက်ညိုးထိုးပြတယ်စကားပြောခြင်တာစကားကပြောလို့မရပုံပဲကျွန်တော်တို့ကကြည့်လိုက်တော့သရဲမက မျက်နှာကြည်ကနေ ဇောက်ထိုးကြီးလျှာကလဲကြမ်းပြင်ကိုထိနေတယ်
ကျွန်တော်တို့၃ယောက်သား ပြေးလာကြတာဆိုင်ကယ်ကိုတောင်မေ့နေခဲ့ကြတယ် မနက်ဖြန်မနက်မှဆိုင်ကယ်ကိုပြန်ယူရတယ် အဲ့နေ့မှာပဲကျော်ကျော်နဲ့ ကျွန်တော်နဲ့ကျွန်တော်တို့နေတဲ့မြို့ကိုချက်ခြင်းပြန်တယ် နောက်အိမ်လဲရောက်ရော ကျွန်တော်တစ်ပတ်လောက်ကိုဖျားတယ်။ ကျွန်တော်နေကောင်းလဲသွားတော့ ဆုံးဖြတ်ချက်ခြလိုက်တယ် ဘယ်တော့်မှ သရဲကို မစမ်းတော့ဘူးလို့
ပြီးပါပြီ

No comments:

Post a Comment